Apr 12, 2010

ကူးစမ်းကွဲ့ ငါး

ကိုယ့်ရှေ့က နောင်တော်တွေအားလုံးလဲ လွမ်းခဲ့ကြပြီးပြီ
ငါလဲ လွမ်းရဦးမယ်။လွမ်းရဦးမယ်။လွမ်းရဦးမယ်။
ငါတို့ဟာ လွမ်းနေတဲ့ငါးတွေ.....
ငါတို့ဟာ သွေးအေးနေတဲ့ငါးတွေ....

ငါတို့ဆူးတောင်တွေက အဆိပ်မဲ့နေသမျှတော့
ငါတို့ ကူးခတ်ဖို့သာ တတ်နိုင်ခဲ့...

ငါတို့ အရိုးတွေက မမာခဲ့သမျှတော့
ငါတို့ကူးခတ်ဖို့သာ တတ်နိုင်ခဲ့...

ငါတို့သွေးက မရဲခဲ့သမျှတော့
ငါတို့ ကူးခတ်ဖို့သာ တတ်နိုင်ခဲ့...

ကူးခတ်ဖို့သာ
ကူးခတ်ရုံသာ...
ကူးခတ်ရဦးမှာ....။.............။

Mirror

ငါးကလေးတကောင်ရှာပြီးပို့ပေးတဲ့ ချစ်သောငါးလေးတကောင်ကို ကျေးဇူးတင်ပါကြောင်း :)

0 comments:

Post a Comment

 
Design by Pocket Blogger Templates